International News

ဆိုးလ်မြို့၌ ကျင်းပလျက်ရှိသည့် Seoul Food Week 2022 တွင် မြန်မာ့စားသောက်ကုန်ကုမ္ပဏီ (၁၀) ခုတို့က စားသောက်ကုန်များ ပါဝင်ပြသလျက်ရှိ

Last Updated:

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ COEX Convention Center ၌ ကျင်းပလျှက်ရှိတဲ့ “Seoul Food Week 2022” တွင် မြန်မာနိုင်ငံမှ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်အဖွဲ (၁၂) ဦးတို့က ပါဝင်ပြသလျက်ရှိပါသည်။

Seoul Food Week 2022 စားသောက်ကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာ (၂) ရက်မှ (၅) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြပွဲတွင် မြန်မာ့စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ (၁၀) ခုတို့မှ ၎င်းတို၏ စားသောက်ကုန်များအား ခင်းကျင်းပြသလျက်ရှိပါသည်။

 

အဆိုပါပြပွဲသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မြန်မာနိုင်ငံပြခန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

 

ပြပွဲကို စိတ်ပါဝင်စားတဲ့ ကိုရီးယားပြည်သူအများအပြား လာရောက်ကြည့်ရှုလျက်ရှိ ပြီး ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း အပြန်အလှန်အကျိုးတူ မိတ်ဆက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။

Category: International News